လူကြီးမင်းသိရှိရန် ဝယ်မယ်WellMell ၏ ဝန်ဆောင်မှုပေးလမ်းညွှန်
ဝယ်မယ်WellMell မှ ကြိုဆိုပါတယ်
ကျွန်တော်တို့ Website ရဲ့ ဝန်ဆောင်မှုနဲ့ လည်ပတ်ပုံကို အလွယ်ကူဆုံးဖြစ်အောင် ရှင်းပြပေးထားပါတယ်။ မမှာယူခင် အောက်ပါအချက်လေးတွေကို ဖတ်ရှုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ် –
၁။ ဝန်ဆောင်မှုပုံစံ (Order တင်ခြင်း)
- တရုတ်နိုင်ငံမှ တိုက်ရိုက်မှာယူပေးခြင်း: ကျွန်တော်တို့ Website သည် တရုတ်နိုင်ငံမှတဆင့် လူကြီးမင်းလိုချင်သော ပစ္စည်းများကို အဆင်ပြေပြေ တိုက်ရိုက် ကိုယ်စားလှယ်စနစ်ဖြင့် မှာယူပေးနေခြင်း ဖြစ်ပါသည်။
၂။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း (Delivery Route)
- ပစ္စည်းပို့ဆောင်မည့် လမ်းကြောင်း: တရုတ်နိုင်ငံမှ ထွက်ခွာလာသော ပစ္စည်းများသည် ရွှေလီမြို့ သို့ ပထမဆုံး ရောက်ရှိပါမည်။
- ထိုမှတစ်ဆင့် ကျွန်တော်တို့၏ အမြန်ချောပို့ယာဉ်လိုင်းဖြင့် လားရှိုးမြို့ (ပထမမှတ်တိုင်) သို့ ပို့ဆောင်ပြီး၊ ထိုမှတစ်ဆင့် လူကြီးမင်းထံသို့ မိုင်းရယ်မြို့ (ဒုတိယမှတ်တိုင်/နောက်ဆုံးဂိတ်) အထိ အရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါသည်။
၃။ ကြာမြင့်ချိန် (Delivery Time)
- ကြာမြင့်ချိန် ခန့်မှန်းခြေ: လက်ရှိ မြန်မာနိုင်ငံ၏ လမ်းခရီးနှင့် ပေါ်လစီအခြေအနေ အမျိုးမျိုးကြောင့် အချိန်အတိအကျ ပြောရန် ခက်ခဲသော်လည်း၊ ပုံမှန်အားဖြင့် (၁၀) ရက်မှ (၁၅) ရက် ဝန်းကျင် ခန့်မှန်း ကြာမြင့်နိုင်ပါသည်။
၄။ ပို့ဆောင်ခ တွက်ချက်မှု (Shipping Fees)
- ကားခ ရှင်းရမည့်ပုံစံ: တရုတ်-မြန်မာ ကားခ (ဂိတ်ခ) ကို ပစ္စည်းရောက်ရှိမှသာ ရှင်းရပါမည်။
- တွက်ချက်ပုံ: ကားဂိတ်(သို့မဟုတ်)အမြန်ချောပို့ဂိတ်များ၏ ဈေးနှုန်းစံနှုန်းနှင့် လူကြီးမင်းပစ္စည်း၏ အလေးချိန်/ထုထည် ပေါ်မူတည်၍ ကျသင့်သလောက် တွက်ချက်ကောက်ခံသွားမည် ဖြစ်ပါသည်။
၅။ ငွေပြန်အမ်းခြင်းနှင့် လျော်ကြေးမူဝါဒ (Return & Refund Policy)
- အော်ဒါ အတည်ပြုခြင်း: လူကြီးမင်းတို့ ငွေပေးချေပြီး၍ ကျွန်တော်တို့ဘက်မှ တရုတ်ဖက်သို့ အော်ဒါတင် (Order) ပြီးပါက အော်ဒါကို ပယ်ဖျက်ခြင်းနှင့် ငွေပြန်အမ်းခြင်း လုံးဝ (လုံးဝ) မရနိုင်ပါ။
- သယ်ယူပို့ဆောင်ရေးအတွင်း ပျောက်ဆုံးမှု: လမ်းခရီးတွင် ပစ္စည်းပျောက်ဆုံးခြင်း ဆုံးရှုံးမှုရှိပါက ပစ္စည်းတန်ဖိုးအတိုင်း (၁၀၀%) လျော်ကြေး ပြန်လည်ပေးအပ်ပါမည်။
- ပစ္စည်းပျက်စီးမှုနှင့် စိတ်တိုင်းမကျမှု: သယ်ယူပို့ဆောင်ရေးအတွင်း ပစ္စည်းဖာပုံး/ဗူး ပဲ့ကြွေခြင်း၊ ပျက်စီးခြင်းများအတွက် လျော်ကြေးပေးမည် မဟုတ်ပါ။ ထို့ပြင် ပစ္စည်းရောက်ရှိပြီးနောက် အရောင်/ဒီဇိုင်း မကြိုက်ခြင်း၊ အရည်အသွေး စိတ်တိုင်းမကျခြင်းတို့ကြောင့် ပစ္စည်းလဲလှယ်ခြင်း (သို့မဟုတ်) ပိုက်ဆံပြန်အမ်းခြင်း များကို လက်ခံပေးမည် မဟုတ်ပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဝယ်မယ်WellMell တွင် စိတ်ချလက်ချ ယုံကြည်စွာ ဝယ်ယူအားပေးနိုင်ပါသည်။ အသေးစိတ် သိရှိလိုပါက အောက်အချက်အလက်အတိုင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
