Category: ဘလော့ဂ်
လူကြီးမင်းသိရှိရန် ဝယ်မယ်၏ ဝန်ဆောင်မှုပေးလမ်းညွှန်
ဝယ်မယ်WellMell မှ ကြိုဆိုပါတယ် ကျွန်တော်တို့ ဝယ်မယ်ရဲ့ ဝန်ဆောင်မှုနဲ့ လည်ပတ်ပုံကို အလွယ်ကူဆုံးဖြစ်အောင် ရှင်းပြပေးထားပါတယ်။ မမှာယူခင် အောက်ပါအချက်လေးတွေကို ဖတ်ရှုပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ် – ၁။ ဝန်ဆောင်မှုပုံစံ (Order တင်ခြင်း) တရုတ်နိုင်ငံမှ တိုက်ရိုက်မှာယူပေးခြင်း: ကျွန်တော်တို့ Website သည် တရုတ်နိုင်ငံမှတဆင့် လူကြီးမင်းလိုချင်သော ပစ္စည်းများကို အဆင်ပြေပြေ တိုက်ရိုက် ကိုယ်စားလှယ်စနစ်ဖြင့် မှာယူပေးနေခြင်း ဖြစ်ပါသည်။ ၂။ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း (Delivery Route) ပစ္စည်းပို့ဆောင်မည့် လမ်းကြောင်း: တရုတ်နိုင်ငံမှ ထွက်ခွာလာသော ပစ္စည်းများသည် ရွှေလီမြို့ သို့ ပထမဆုံး ရောက်ရှိပါမည်။ ထိုမှတစ်ဆင့် ကျွန်တော်တို့၏ အမြန်ချောပို့ယာဉ်လိုင်းဖြင့် လားရှိုးမြို့ (ပထမမှတ်တိုင်) သို့ ပို့ဆောင်ပြီး၊ ထိုမှတစ်ဆင့် လူကြီးမင်းထံသို့ မိုင်းရယ်မြို့ (ဒုတိယမှတ်တိုင်/နောက်ဆုံးဂိတ်) အထိ အရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါသည်။ ၃။ ကြာမြင့်ချိန် (Delivery Time) ကြာမြင့်ချိန် ခန့်မှန်းခြေ: လက်ရှိ မြန်မာနိုင်ငံ၏ လမ်းခရီးနှင့် ပေါ်လစီအခြေအနေ အမျိုးမျိုးကြောင့် အချိန်အတိအကျ ပြောရန် ခက်ခဲသော်လည်း၊ ပုံမှန်အားဖြင့် (၁၀) ရက်မှ (၁၅) ရက် ဝန်းကျင် ခန့်မှန်း ကြာမြင့်နိုင်ပါသည်။ ၄။ ပို့ဆောင်ခ တွက်ချက်မှု…
ဆက်ဖက်မယ်ပစ္စည်း Stock အခြေအနေနှင့် ပတ်သက်၍ အထူးအသိပေးချက်
ဝယ်မယ်မှ ကုန်ပစ္စည်းများကို အစဉ်အမြဲ အားပေးကြမ်းကြတဲ့ မိဘပြည်သူ Customer များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ အချို့သော ကုန်ပစ္စည်းများမှာ ရောင်းအားသွက်ပြီး Stock အပြောင်းအလဲ မြန်ဆန်ခြင်းကြောင့် Stock အရေအတွက် အချိန်နဲ့တပြေးညီ Update ဖြစ်ရန် အနည်းငယ် ကြန့်ကြာမှုများ ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းတို့ Order တင်လိုက်သော ပစ္စည်းများ အမှန်တကယ် Stock ရှိ/မရှိ (သို့မဟုတ်) ရနိုင်/မရနိုင် ဆိုသည့်အချက်ကို Website ပေါ်ရှိပြသမှုထက် ဝယ်မယ်ဘက်မှ ပြန်လည်ဆက်သွယ် အတည်ပြုပေးချက် (Reply) အပေါ်တွင်သာ အခြေခံ၍ အတည်ယူပေးပါရန် လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။ အကယ်၍ ကုန်ပစ္စည်း ပြတ်လပ်မှုတစ်စုံတစ်ရာ ရှိခဲ့ပါက ကျွန်ုပ်တို့ဘက်မှ Customer ထံသို့ ချက်ချင်း ပြန်လည်ဆက်သွယ်ပေးသွားမည် ဖြစ်ပါသည်။ 📞 မေးမြန်းရန် ဖုန်းနံပါတ်: 09-94548 988 Customer များ ကြုံတွေ့ရနိုင်သည့် အဆင်မပြေမှုများအတွက် ဝယ်မယ်အဖွဲ့သားများမှ အနူးအညွတ် တောင်းပန်အပ်ပါသည်။ လူကြီးမင်းတို့၏ နားလည်ခွင့်လွှတ်ပေးမှုကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
ဆက်ဖက်မယ်